အစ္စရေးနှင့် လက်ဘနွန်တို့ ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ

 



ဂျေရုဆလင် ဧပြီ ၁၇


အစ္စရေးနှင့် လက်ဘနွန်နှစ်နိုင်ငံ ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။


သို့သော် လက်ဘနွန်တောင်ပိုင်း၌ တပ်စွဲထားသည့် တပ်ဖွဲ့များကို ရုပ်သိမ်းရန် သဘောတူညီထား ခြင်းမရှိသေးကြောင်း အစ္စရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။


နေတန်ယာဟုက လက်ဘနွန်နှင့် သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် အခွင့်အရေး ရှိပါကြောင်း ဧပြီ ၁၆ ရက်တွင် ဗီဒီယိုကြေညာ ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။


ထို့ပြင် လက်ဘနွန်နှင့် ငြိမ်းချမ်းရေး သဘောတူညီချက် မှန်သမျှသည် အီရန်ကျောထောက် နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့အား လက်နက်ဖြုတ် သိမ်းရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။


နေတန်ယာဟုနှင့် လက်ဘနွန်သမ္မတ ဂျိုးဆက် အွန်းတို့သည် လာမည့်သီတင်းပတ် သို့မဟုတ် နှစ်ပတ်အတွင်း အိမ်ဖြူတော်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း သမ္မတထရမ့်က သတင်းထောက်များအား ပြောကြားခဲ့သည်။


အခြေအနေများ ပြန်လည်ကောင်းမွန်သည့် အချိန်အထိ လက်ဘနွန်တောင်ပိုင်းနှင့် ဘေရွတ် တောင်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်ခြင်းမှ ရှောင်ကြဉ်ရန် ပြည်သူများအား ဟစ်ဇ်ဘိုလာအဖွဲ့က တောင်းဆိုထားသည်။


မတ်လ အစောပိုင်းတွင် နောက်ဆုံး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လူပေါင်း ၂၁၀၀ ကျော် သေဆုံးပြီး ၇၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန် အာဏာပိုင်များက ပြောကြားခဲ့သည်။


နိုင်ငံအတွင်း အနည်းဆုံး လူ ၁ ဒသမ ၂ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းလည်း ကုလသမဂ္ဂအဖွဲ့က ပြောကြားခဲ့သည်။


ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.