ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် စပါးဧက ၁၂၂၀၀ ထိ စိုက်ပျိုးပြီးစီးပြီဖြစ်



ပွင့်ဖြူ ဧပြီ ၁၉

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် စပါးဧက ၁၂၂၀၀ ထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် စပါး ၃၃၂၃၅ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် မတ်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် စပါးဧက ၁၂၂၀၀ ထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုး ရာသီစပါးစိုက်ပျိုးတောင်သူများကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းများ ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊ အထွက်နှုန်း ကောင်းမွန်သည့်မျိုးများ စိုက်ပျိုးနိုင်ရေး၊ မြေဩဇာ စနစ်တကျသုံးစွဲရေးနှင့် ပိုးမွှားရောဂါကင်းရှင်းရေးတို့အတွက် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

No comments

Powered by Blogger.