စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန်၊ ဆီ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း
မုံရွာ ဧပြီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ
ဘုန်းတော်ကြီးကျောင်းတိုက်များရှိ ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲ မရှိစေရေးအတွက်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆွမ်းဆန်၊ ဆီ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း
အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ မဟာလယ်တီကျောင်းတိုက်ကြီး၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊
တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဦးစွာ မုံရွာမြို့ မဟာလယ်တီကျောင်းတိုက်
ဆရာတော် ဘဒ္ဒန္တ ဣန္ဒဝံသထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး
ပင့်သံဃာဆရာတော်ကြီးများထံ ဆွမ်းဆန်၊ ဆီ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က
သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် မုံရွာမြို့ အုတ်ကန်တောရ စာသင်တိုက်ကြီးနှင့် မဟာဇောတိကာရာမ ပါဠိတက္ကသိုလ်
တို့သို့သွားရောက်၍ ပင့်သံဃာ ဆရာတော်ကြီးများထံ ဆွမ်းဆန်၊ ဆီ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် တိုင်းဒေသကြီးအတွင်း
စိုက်ပျိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့
တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း
စိုက်ပျိုးသွားမည့် နွေစပါးများ လျာထားချက် ပြည့်မီအောင် စိုက်ပျိုးသွားရေး၊ သွင်းအားစု
ဓာတ်မြေဩဇာများကို ဒေသခံ တောင်သူများ လက်ဝယ်အရောက် အချိန်မီရောက်ရှိရေး၊ နွေစပါးများ
အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေး၊ လယ်ယာသုံး စက်ကိရိယာများအတွက် ဒီဇယ်ဆီများ ဈေးနှုန်း
သက်သာစွာဖြင့် ရောင်းချပေးမည်ဖြစ်၍ လယ်သမားလက်ဝယ်အရောက် ဖြန့်ဖြူးနိုင်ရေး တာဝန်ရှိသူများက
မြေပြင်အထိ ကွင်းဆင်းစိစစ် ကြပ်မတ်ဆောင်ရွက်သွားရေးတို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်
တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း
စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နွေစပါးများအချိန်မီစိုက်ပျိုးနိုင်ရေး
လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများကို
ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို
တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း
သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments