လင်းခေးမြို့နယ်၌ မိုးကြိုနှင့် မိုးနှမ်းအကွက်ကျယ်စံပြကွက် စိုက်ပျိုးမည့်တောင်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
လင်းခေး ဧပြီ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ်
စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၆-၂၀၂၇ ခုနှစ် လျှပ်စစ်မြစ်ရေတင်ဧရိယာနှင့် ဆိုလာစနစ်ဖြင့်ရေယူ၍
မိုးကြိုနှမ်းအကွက်ကျယ် စံပြကွက်စိုက်ပျိုးမည့် တောင်သူများထံ ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်သည့်
အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး
ဦးလှငြိမ်းခိုင်က ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထောက်ပံ့ပေးအပ်
ထို့နောက် တာဝန်ရှိသူများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက
မိုးကြိုနှမ်းစိုက်ပျိုးမည့် တောင်သူ ၄၅ ဦး၊ စိုက်ဧက ၁၀၃ ဧကအတွက် နှမ်းမျိုးစေ့တစ်ဧကလျှင်
နှစ်ပြည်နှုန်း၊ ဓာတ်မြေသြဇာအိတ် တစ်ဝက်နှုန်းဖြင့် စုစုပေါင်းနှမ်းမျိုးစေ့ ၂၀၆ ပြည်နှင့်
မြေသြဇာ ၅၂ အိတ်တို့ကို တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)

No comments