ရီးယဲလ်ဆိုစီဒက်အသင်း စပိန်ကိုပါဒယ်ရေးဖလား လေးကြိမ်မြောက်ဆွတ်ခူး



ရီးယဲလ်ဆိုစီဒက်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ ဧပြီ ၁၉ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲစဉ်မှာ ရီးယဲလ်ဆိုစီဒက်အသင်းက ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရပြီး စပိန်ကိုပါဒယ်ရေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အနိုင်ရရှိ

ရီးယဲလ်ဆိုစီဒက်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ပွဲစဉ်မှာ သာမန်ပွဲကစားချိန် အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ရီးယဲလ်ဆိုစီဒက်အသင်းက လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ရီးယဲလ်ဆိုစီဒက်အသင်းအနေနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကို အနိုင်ရရှိပြီး စပိန်ကိုပါ ဒယ်ရေးဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဟာ အသင်းရဲ့သမိုင်းတစ်လျှောက် လေးကြိမ်မြောက် ဆွတ်ခူး နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရီးယဲလ်ဆိုစီဒက်အသင်းဟာ စပိန်ကိုပါဒယ်ရေးဖလားကို ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ ရီးယဲလ်ဆိုစီဒက်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် စပိန် ကိုပါဒယ်ရေးဆုဖလားရရှိမယ့် အခွင့်အရေးနဲ့လွဲခဲ့ရပြီး စပိန်လာလီဂါပြိုင်ပွဲမှာတော့ အမှတ်ပေး ဇယား အဆင့်(၄)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ငွေကြယ် - ရေးသားသည်

No comments

Powered by Blogger.