သီရိလင်္ကာနိုင်ငံ၌ ယာဉ်စီးခပိုမိုကောက်ခံသော ဘတ်စ်ကားများအား ဒဏ်ရိုက်



ကိုလံဘို   ဧပြီ  ၁၉

သီရိလင်္ကာနိုင်ငံ၏ အကျော်ကြားဆုံး အားလပ်ရက်ဖြစ်သည့် Sinhala နှင့် Tamil New Year ကာလအတွင်း ခရီးသည်များအား ယာဉ်စီးခပိုမိုကောက်ခံသည့်အတွက်  ဘတ်စ်ကား အစီး ၈၀ ကို သီရိလင်္ကာ   အမျိုးသား သယ်ယူပို့ဆောင်ရေး ကော်မရှင် (NTC) က ဒဏ်ရိုက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။

သီရိလင်္ကာအမျိုးသားသယ်ယူ ပို့ဆောင်ရေးကော်မရှင်မှ တာဝန် ရှိသူများသည် ဧပြီ ၈ ရက်မှ ၁၈ ရက်အထိ ဘတ်စ်ကားအစီးရေ ၆၈၀ ကို စစ်ဆေးခဲ့ရာ သတ်မှတ် ထားသော အခကြေးငွေထက် ပိုမို ကောက်ခံသည့် ဘတ်စ်ကားအစီး ရေ ၈၀ ကို   တွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတို့အား ဒဏ်ငွေများချမှတ်ခဲ့ ကြောင်း  မော်တော်ယာဉ်စစ်ဆေး ရေးဌာန အကြီးအကဲ ရိုဟာနာ ဝတ်တေ့ချ်က သတင်းထောက် များအား ပြောကြားခဲ့သည်။

တာဝန်ရှိသူများက ခရီးသည် များထံ   ပိုမိုကောက်ခံခဲ့သော ယာဉ်စီးခများကို ပြန်အမ်းပေးပြီး သက်ဆိုင်ရာ     ဘတ်စ်ကား လိုင်းများကို       ဒဏ်ငွေများ ချမှတ်ခဲ့ကြောင်း      ရိုဟာနာ ဝတ်တေ့ချ်က     ပြောကြားခဲ့ သည်။

 ဧပြီ ၁၈ ရက်တစ်ရက်တည်းတွင် ဘတ်စ်ကားအစီးရေ ၁၅၀ နီးပါး ကို တာဝန်ရှိသူများက စစ်ဆေးခဲ့ ရာ ၁၂ စီးမှာ အခကြေးငွေပိုတောင်း ခဲ့ကြောင်း ၎င်းက ပြောသည်။

ဧပြီ ၂၁ ရက်အထိ  စစ်ဆေးမှု များကို ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း    ရိုဟာနာ ဝတ်တေ့ချ်က      ပြောကြားခဲ့ သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.