အီရန်နိုင်ငံရှိ မာ့စ်ဟတ်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်စတင်ခွင့်ပြု
တီဟီရန် ဧပြီ ၁၉
အီရန်နိုင်ငံ အရှေ့မြောက်ပိုင်း
ခိုရာဆန် ရာဇာဗီပြည်နယ်ရှိ မာ့စ်ဟတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်စတင်ခွင့်ပြုခဲ့ကြောင်း
အီရန်မြို့ပြ လေကြောင်း အာဏာပိုင်အဖွဲ့က ယနေ့ ပြောကြားခဲ့သည်။
အီရန်အရှေ့ပိုင်းလေပိုင်နက်ကို
နိုင်ငံတကာလေကြောင်းများအတွက် ပြန်လည်ဖွင့်လှစ်လိုက်ပြီ
ဖြစ်ကြောင်း အီရန်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ကြေညာ ခဲ့သည်။
အချို့လေဆိပ်များသည် ဧပြီ
၁၈ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီကတည်းက လေကြောင်း လိုင်းများ ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။
သို့သော် ပြည်တွင်းလေကြောင်း
လက်မှတ်များရောင်းချရန်အတွက် ခွင့်ပြုချက်မရရှိသေးကြောင်း
အီရန်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။
အီရန်လေဆိပ်များရှိ လေကြောင်းခရီးစဉ်များကို
မကြာမီအချိန်တွင် ပုံမှန်အတိုင်း ပြန်လည် ခွင့်ပြု သွားမည်ဖြစ်ကြောင်း အီရန် မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က
ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍
အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီရန်သည် ၎င်း၏လေပိုင်နက်ကို
ပိတ်ပစ်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ အရပ်ဘက်လေကြောင်းပျံသန်းမှုများကို ရပ်ဆိုင်း ခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်

No comments