လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေး

 



ရန်ကုန် ဧပြီ ၂၆


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးက အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ညောင်ကျေးရွာ အောင်မင်္ဂလာဘုန်းကြီးကျောင်း၌ ကွင်ဆင်းဆောင်ရွက်သည်။


နေ့ချင်းပြီးဆောင်ရွက်


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရက်(၁၀၀) စီမံချက်ဖြင့် အသက် ၁၀ နှစ်နှင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များ UID (smart card) ၄၇ ဦး၊ နိုင်(၃က) ၄၉ကတ်နှင့် နိုင်(၆က) သုံးကတ် စုစုပေါင်း နိုင်ငံသားကတ် ၅၂ ကတ်တို့ကို ပြည်သူလက်ဝယ်ထံသို့ ပေးအပ်ပြီး မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုး ဦးဆောင်၍ လက်ထောက်ဦးစီးမှူး ဦးမျိုးနေဇာနှင့် ဝန်ထမ်းများက ညောင်ကျေးရွာအတွင်းရှိ အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.