အာဖဂန်နစ္စတန်နိုင်ငံ၌ ပြီးခဲ့သည့်နှစ်အတွင်း ပိုလီယိုကာကွယ်ဆေးထိုးနှံပြီးသည့်ကလေးဦးရေ ၁၂ သန်းကျော်ရှိ
ဧပြီ ၂၇
အာဖဂန်နစ္စတန်နိုင်ငံ၌ ပြီးခဲ့သည့်နှစ်အတွင်း ပိုလီယိုကာကွယ်ဆေးထိုးနှံပြီးသည့်ကလေး ၁၂ သန်းကျော်ရှိကြောင်းဒေသခံမီဒီယာ တိုလိုနယူးစ်၏ဖော်ပြချက်အရ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ပြောကြားခဲ့သည်။
ပိုလီယိုကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများအပြင် ဝက်သက်ကာကွယ်ဆေး ၁၆ ဒသမ ၆ သန်းနှင့် Penta-3 ကာကွယ်ဆေး ၁ ဒသမ ၆ သန်းကို အလားတူကာလအတွင်း ထိုးနှံပေးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အာဖဂန်နစ္စတန်သည် ပိုလီယိုရောဂါ ကပ်ရောဂါအဖြစ် ပျံ့နှံ့နေဆဲဖြစ်သော နိုင်ငံအနည်းငယ်တွင် တစ်နိုင်ငံအဖြစ်ရှိနေဆဲဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အကန့်အသတ်ရှိခြင်းနှင့် စီးပွားရေးအခက်အခဲများကဲ့သို့သော စိန်ခေါ်မှုများရှိနေသော်လည်း နိုင်ငံတကာအဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးနှံမှုများကို ဆက်လက်လုပ်ဆောင်လျက် ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments