သီရိလင်္ကာနိုင်ငံ၌ နှစ်သစ်ကူးပိတ်ရက်ကာလ ဓာတ်ဆီသုံးယာဉ်များ ခွဲတမ်းမဟုတ်ဘဲ ဆီဖြည့်နိုင်
ကိုလံဘို ဧပြီ ၁၁
သီရိလင်္ကာနိုင်ငံ၏
နိုင်ငံပိုင်ဆီတင်သွင်းဖြန့်ဖြူးရေးကုမ္ပဏီဖြစ်သည့် Ceylon
Petroleum Corporation က ဓာတ်ဆီကား ပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ယာဉ်များကို QR ကုတ်စနစ် အခြေပြု ခွဲတမ်းဖြင့်ရောင်းချသည့် စနစ်မပါဘဲ ဧပြီ
၁၁ ရက်မှ ၁၈ ရက်အထိ ဆီဖြည့်နိုင်သည်ဟု ဧပြီ ၁၁ ရက်တွင်
ပြောသည်။
ဆင်းဟာလာနှင့်
တမီးလ်နှစ်သစ်ကူးရာသီအတွင်း နိုင်ငံတစ်ဝန်း ခရီးသွားလာမှု ပုံမှန်မြင့်တက်လေ့ ရှိသည့်အတွက် အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု
ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒီဂျေ ရာဂျာကာရုနာက
သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
သီရိလင်္ကာနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ရေနံထောက်ပံ့မှု
ပြတ်တောက်မှုများအကြားတွင် အရန်ဆီများကို
စီမံခန့်ခွဲရန်အတွက် မတ် ၁၅ ရက်မှ စတင်၍ မော်တော်ယာဉ်များကို QR ကုတ်စနစ်ဖြင့် စက်သုံးဆီ ရောင်းချခဲ့သည်။
နောက်ပိုင်းတွင်
အာဏာပိုင်များသည် ဝယ်လိုအားနှင့် ရရှိနိုင်ခြေအပေါ်မူတည်၍ ချိန်ညှိ
ပြောင်းလဲခဲ့သည်။
ဆင်ဟွာ
No comments