ဒေါပုံမြို့နယ်၌ အပူဒဏ်အန္တရာယ် အသိပညာပေးခြင်းနှင့် ကုသရေးဆေးခန်း ဖွင့်လှစ်ထားရှိခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

 


ဒေါပုံ ဧပြီ ၇


ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်တွင် အပူဒဏ်အန္တရာယ်ကြောင့် ပြည်သူများ ကျန်းမာရေး ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ အပူဒဏ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးခြင်းနှင့် ဆေးခန်းဖွင့်လှစ်ထားရှိခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ဒေါက်တာ မျိုးမျိုးခိုင်က ဦးဆောင်ကာ ဆောင်ရွက်ပေးလျက်ရှိသည်။


ဆောင်ရွက်ပေး


ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက တိုက်တွန်း နှိုးဆော်ထားသည့် အပူဒဏ် ကာကွယ်ရေးအတွက် လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရန်အချက်များ၊ ရောဂါ လက္ခဏာများနှင့် အပူဒဏ်ကြောင့် သတိလစ်ခြင်းလက္ခဏာ ခံစားနေရသည့် လူနာအား အရေးပေါ် ရှေးဦးပြုစုခြင်းများကို ပြည်သူများသိရှိနိုင်ရန်အတွက် အသိပညာများပေးလျက်ရှိပြီး အပူဒဏ်ကြောင့် အရေးပေါ်ကုသရန် လိုအပ်သူများအတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ဆေးခန်း ဖွင့်လှစ်ထားရှိပြီး ဆေးဘက်ဆိုင်ရာ အထောက် အကူပြုပစ္စည်းနှင့် ဆေးဝါးများကို ပြည်သူများအတွက် အဆင်သင့် ဆောင်ရွက်ပေးထားကြောင်း သိရသည်။


ချစ်စုဝေ(ပြန်/ဆက်)

No comments

Powered by Blogger.