နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)၌ အပူဒဏ်အန္တရာယ်ကုသရေးအတွက် ဆောင်ရွက်ထားရှိ

 




နေပြည်တော် ဧပြီ ၇


ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်ရှိ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)၌ အပူချိန်ပြင်းထန်မြင့်မားသည့် နွေရာသီကာလအတွင်း အပူဒဏ်သင့်၍ လာရောက် ပြသသောလူနာများအား အချိန်နှင့်တစ်ပြေးညီ ကုသမှုပေးနိုင်ရန်အတွက် လေအေးပေးစက်များ တပ်ဆင်ထားသည့် သီးသန့်အခန်းများတွင် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ ပြင်ဆင်ဖြည့်တင်း ထားရှိခြင်း၊ ရေငွေ့ထုတ်ပန်ကာကြီးများ၊ ရေဇလုံကြီးများနှင့် ရေခဲသေတ္တာများ ပြင်ဆင်ထားရှိခြင်း၊ ဆေးရုံဝန်ထမ်းများအား အပူဒဏ်သင့်လူနာများ အရေးပေါ်ကုသမှုအတွက် စနစ်တကျလေ့ကျင့်ထားခြင်းတို့ဖြင့် အပူဒဏ်အန္တရာယ် ကုသရေးလုပ်ငန်းများအား ဆောင်ရွက်ထားရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.