မုဒုံမြို့နယ်၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
မုဒုံ ဧပြီ ၇
မွန်ပြည်နယ် မုဒုံမြို့တွင် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာလမ်းဆုံနှင့် ရွှေဟင်္သာစျေး၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးမှူး ဆရာဝန်ကြီး ဒေါက်တာကျော်မိုးနိုင်၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက စျေးအတွင်း လမ်းသွား လမ်းလာ ဒေသခံပြည်သူများအား အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် လိုက်နာရမည့်အချက်များကို အသိပညာပေး တိုက်တွန်းနှိုးဆော်သည်။
ထို့နောက် ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ထုတ်ဝေသည့် အပူဒဏ်ကာကွယ်နိုင်ရေး လိုက်နာရမည့်အချက်များ၊ ရှောင်ကြည်ရန်အချက်များ၊ သတိပြုရမည့်အချက်များ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း လက္ခဏာများ၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း လက္ခဏာများနှင့် ခံစားနေရသည့် လူနာအား အရေးပေါ် ရှေးဦးပြုစုခြင်း အကြောင်းအရာပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရာမည(ပြန်/ဆက်)

No comments