အုတ်ဖိုမြို့နယ်၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး

 



အုတ်ဖို ဧပြီ ၇


ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား အပူဒဏ်ကာကွယ်ရေးနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများနှင့် သတိပြုရမည့် အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အရှိန်အဟုန်မြှင့် ကွင်းဆင်း အသိပညာပေးလျက်ရှိကြောင်း သိရသည်။


အုတ်ဖိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန နယ်မြေများရှိ ရပ်ကွက်/ကျေးရွာ ၄၄ ခုတွင် ဒေသခံပြည်သူ ၅၅၃ ဦးအား အပူဒဏ်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် သတိပြုရမည့် အပူဒဏ်အန္တရာယ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေများအလိုက် ကျန်းမာရေးဝန်ထမ်းများက အပူဒဏ် ကာကွယ်ရေးဆိုင်ရာ ဗီနိုင်းပိုစတာများဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


အောင်သူ(အုတ်ဖို)

No comments

Powered by Blogger.