မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း လစဉ်ပုံမှန်အစည်းအဝေး ကျင်းပ
ရန်ကုန် ဧပြီ ၇
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း(ဗဟို)၏ လစဉ်ပုံမှန်အစည်းအဝေး အမှတ်စဉ် (၄/၂ဝ၂၆) ကို ယနေ့တွင် အသင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိုးဝင်း နှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌက မကြာမီကျရောက်မည့် သင်္ကြန်ပွဲတော် ကာလအတွင်း လူငယ်လူရွယ်များ မူးယစ်ဆေးဝါး သုံးစွဲမှုမရှိအောင် တတ်နိုင်သရွေ့ ကြိုတင်ကာကွယ် ထိန်းသိမ်းစောင့်ရှောက် ပေးကြရန်၊ ကျောင်းပိတ်ရက်ကာလဖြစ်၍ ကျောင်းပြင်ပရောက် လူငယ်လူရွယ်များကို ဦးစားပေး၍ ပညာပေးရန်၊ ဥပမာ ဂေါက်ကွင်းများ၊ စက်မှုဇုန်များမှ တာဝန်ရှိသူများနှင့်ညှိနှိုင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့တို့ကို ဖိတ်ကြားကာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး အလုပ်အမှုဆောင်ကော်မတီဝင်များက ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
MANA

No comments