ခိုးယူခံရသည့် ဒေတာအချက်အလက်များရရှိရန် ဂျပန်နိုင်ငံမှ နည်းပညာကုမ္ပဏီများ ငွေပေးခဲ့ရ
တိုကျို ဧပြီ ၂၁
ဂျပန်နိုင်ငံတွင်ပြုလုပ်သည့် ပုဂ္ဂလိကကဏ္ဍ စစ်တမ်းတစ်ခုအရ ဂျပန်နိုင်ငံရှိ နည်းပညာကုမ္ပဏီ ၂၀၀ ကျော်သည် ဆိုက်ဘာ တိုက်ခိုက်မှုများကြောင့် ပေါက်ကြားခဲ့သည့် အချက်အလက်များကို ပြန်လည်ရယူရန် ဟက်ကာများကို ငွေပေးချေခဲ့ကြောင်း တွေ့ရှိခဲ့သည်။
ဂျပန်ဒစ်ဂျစ်တယ် စီးပွားရေး မြှင့်တင်ရေး အင်စတီကျုသည် ဇန်နဝါရီလတွင် ဆိုင်ဘာတိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ စစ်တမ်းတစ်ခုပြုလုပ်ခဲ့ရာ တွင် ကုမ္ပဏီ ၁၁၀၇ ခုမှ တုံ့ပြန်မှုများ ရရှိခဲ့သည်။
ဒေတာ အချက်အလက်များကို ပြန်လည်ရယူရန် ငွေပေးချေမှုများသည် ဒေတာအချက်အလက်များကို အပြည့်အဝ ပြန်လည်ရရှိမည်ဟု အာမမခံနိုင်ကြောင်းနှင့် ယင်းကဲ့သို့ဆောင်ရွက်ခြင်းဖြင့် ရာဇဝတ်ဂိုဏ်းများကို အားပေးရာ ရောက်ကြောင်း ကိုဘေးတက္ကသိုလ် ဆိုက်ဘာလုံခြုံရေးပညာရှင် ပါမောက္ခ မိုရီ မာဆာကာဆုက ပြောကြားသည်။ နည်းပညာ လုပ်ငန်းများအနေဖြင့် ဆိုင်ဘာတိုက်ခိုက်မှု မခံရစေရေးအတွက် အစီအမံများ ဆောင်ရွက်ထားသင့်ကြောင်း ၎င်းကပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ

No comments