မလေးရှားနိုင်ငံ၌ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ထပ်ဆောင်းရန်ပုံငွေပေးအပ်
ကွာလာလမ်ပူ ဧပြီ ၂၁
မလေးရှားနိုင်ငံ၌ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအား အစိုးရ၏ စီးပွားရေး လုပ်ငန်းများ ထောက်ပံ့ရေး စည်းမျဉ်းအရ ထပ်ဆောင်းရန်ပုံငွေ ရင်းဂစ် ငါးဘီလီယံ ကို ပေးအပ်ခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် စုစုပေါင်းရန်ပုံငွေ ရင်းဂစ် ၁၀ ဘီလီယံရှိလာပြီဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဧပြီ ၂၁ ရက်တွင် ပြောကြားသည်။
ယခုကဲ့သို့ ပံ့ပိုးငွေပေးအပ်ခြင်းဖြင့် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများတွင် ဆောင်ရွက်ရာ၌ ငွေလိုအပ်နေသည့် ကုမ္ပဏီများအတွက် ဆက်လက် ဆောင်ရွက်နိုင်ရန် အကူအညီပေးမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ ယင်းထောက်ပံ့ငွေသည် စိုက်ပျိုးရေး လုပ်ငန်းကုမ္ပဏီများ၊ တံငါသည်များနှင့် စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်သူများအတွက် အကျုံးဝင် မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးလည်း ဖြစ်သူ အန်ဝါက ပြောကြားသည်။
ထို့ပြင် ယခုထောက်ပံ့ငွေသည် အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသည့် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းများအတွက်လည်း ၈၀ ရာခိုင်နှုန်းအထိ အကျုံးဝင်ကြောင်းနှင့် ချေးငွေပြန်လည် ပေးဆပ်ရမည့်ကာလမှာ ၁၀ နှစ်အထိ သတ်မှတ်ထားကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ

No comments