မြန်မာအမျိုးသားလေကြောင်း မြိတ်-ထားဝယ်-မြိတ် ခရီးစဉ် ပျံသန်းပြေးဆွဲ
နေပြည်တော် ဧပြီ ၂၆
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲသည့် မြို့များသို့ ခရီးသွား ပြည်သူများ သွားလာမှုအဆင်ပြေ လွယ်ကူချောမွေ့စေရေးအတွက် L-410 လေယာဉ်ငယ်များဖြင့် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ် မာန်အောင်မြို့နှင့် ကျောက်ဖြူမြို့များသို့လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး မြိတ်လေဆိပ်ကို အခြေပြု၍ ထားဝယ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များသို့ လည်းကောင်း ဧပြီ ၂၄ ရက် နံနက် ပိုင်းမှစတင်၍ ပျံသန်းပြေးဆွဲ လျက်ရှိသည်။
မြန်မာအမျိုးသားလေကြောင်းသည် အဆိုပါ L-410 လေယာဉ်ဖြင့် ယနေ့ နံနက် ၈ နာရီတွင် မြိတ်မြို့ မှ ခရီးသည် ၁၄ ဦး တင်ဆောင်၍ ထားဝယ်သို့ ပျံသန်းထွက်ခွာခဲ့ရာ ၈ နာရီ ၄၅ မိနစ်တွင် ထားဝယ်သို့ ရောက်ရှိပြီး ထားဝယ်လေဆိပ်တွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခရီးစဉ်သစ်ပျံသန်းပြေးဆွဲမှုကို အခမ်းအနားဖြင့် ကြိုဆိုကြကာ အဆိုပါလေယာဉ်သည် နံနက် ၁၀ နာရီတွင် ထားဝယ်မှ ခရီးသည် ၁၆ ဦး တင်ဆောင်၍ မြိတ်မြို့သို့ ပျံသန်းထွက်ခွာခဲ့ရာ နံနက် ၁၀ နာရီ ၅၂ မိနစ်တွင် ပြန်လည်ရောက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်

No comments