မကွေးမြို့နယ်၌ ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန် ဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်
မကွေး ဧပြီ ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်
မိသားစုဝင်ငွေတိုးရေးစီမံကိန်းအနေဖြင့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲကို မကွေးမြို့နယ်
လျောင်းတော်ဦးကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင်
တိုင်းဦးစီးမှူး ဒေါ်စုစုခိုင်က မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန
အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာကိုးရွာ၌ လုပ်ငန်းရှင် ၄၅ ဦး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်
ကျေးရွာ ၁၆ ရွာ၌ လုပ်ငန်းရှင် ၈၀၊ ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၂၁ ရွာ၌ လုပ်ငန်းရှင်
၁ဝ၅ ဦး မွေးထုတ်ပေးနိုင်ခဲ့သဖြင့် ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း မကွေးတိုင်းဒေသကြီးတွင်
လုပ်ငန်းရှင် ၂၃၀ ပေါ်ထွန်းလာခဲ့ကြောင်း၊ ယခု ဘဏ္ဍာနှစ်တွင်လည်း ကျေးရွာပေါင်း ၂၃ ရွာတွင်
သင်တန်းများဖွင့်လှစ်ရန် လျာထားပြီးဖြစ်ကြောင်း၊ ရက်(၁၀၀)အတွင်း စီမံကိန်း ၁၆ ခု ဆောင်ရွက်မည်ဖြစ်ကြောင်း
ပြောကြားသည်။
ယခုဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းတွင်
သင်တန်းသားများအား သက်ဆိုင်ရာ နည်းပညာရပ်များကို ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ စာတွေ့၊ လက်တွေ့
သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments