ပေါင်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲပြုလုပ်
ပေါင် ဧပြီ ၂၇
မွန်ပြည်နယ် ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့်
တွေ့ဆုံပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ယနေ့နံနက်ပိုင်းက
ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်က လုပ်ငန်းများကို စနစ်တကျလုပ်ကိုင်ရန် လိုအပ်ကြောင်း၊
ရက်(၁၀၀)စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နွေစပါးစိုက်ပျိုးသည့်
ကျေးရွာအုပ်စုများအနေဖြင့် လိုအပ်သည်များကို တင်ပြကြရန်၊ စိုက်ဘဏ်မှချေးငွေများကို
အကျေအပြေပေးဆောင်နိုင်ရေးဆောင်ရွက်ရန်၊ ပညာရေးကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း
ဆွေးနွေးသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဗိုလ်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးချမ်းမုံ၊ ပြည်နယ်လွှတ်တော်(၁)
ကိုယ်စားလှယ် ဦးသန်းခိုင်း၊ ပြည်နယ်လွှတ်တော်(၂) ကိုယ်စားလှယ် ဦးစံတင်တို့က အသီးသီး
မိတ်ဆက်စကားပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက
တစ်ဦးချင်းစီအလိုက် မိတ်ဆက်ခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)

No comments