ကာဇက်စတန်နိုင်ငံ၌လာမည့်လေးနှစ်အတွင်း ကီလိုမီတာ ၅၀၀၀ ရှည်လျားသော ရထားလမ်းအသစ်များ တည်ဆောက်မည်
ဧပြီ
၂၄
ကာဇက်စတန်နိုင်ငံတွင်
ခရီးသည်နှင့် ကုန်စည်နှစ်မျိုးလုံးအတွက် ရထားလမ်း သယ်ယူပို့ဆောင်ရေး စွမ်းရည်ကိုမြှင့်တင်ရန်
လာမည့်လေးနှစ်အတွင်း ကီလိုမီတာ ၅၀၀၀ ရှည်လျားသော ရထားလမ်းအသစ်များတည်ဆောက်ရန် စီစဉ်ထားကြောင်း
ကာဇက်စတန်ဝန်ကြီးချုပ် Olzhas Bektenov က ကြေညာခဲ့သည်။
၂၀၃၅
ခုနှစ်တွင် ရထားလမ်းကုန်စည်ပို့ဆောင်မှုပမာဏကို တစ်နှစ်လျှင် တန်ချိန် သန်း ၁၀၀ အထိ တိုးမြှင့်ရန်ရည်ရွယ်ထားကြောင်း မြို့တော်အက်စတာနာတွင်ကျင်းပသော
ရထားလမ်းများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အိုအက်စ်ဂျေဒီ(OSJD)၏ ရထားလမ်းအထွေထွေဒါရိုက်တာများညီလာခံ၏
၄၀ ကြိမ်မြောက် အစည်းအဝေးတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ကုန်စည်ပို့ဆောင်ချိန်ကို
၁၈ ရက်အထိ လျှော့ချထားပြီး ၁၀ ရက်အထိ ရောက်ရှိရန် စီစဉ်ထားကြောင်း ၎င်း က ထပ်လောင်းပြောကြားခဲ့သည်။
ယခုနှစ်တွင်
၎င်း၏ နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် အိုအက်စ်ဂျေဒီသည် နိုင်ငံပေါင်း ၃၀ ကျော်တွင်
ကီလိုမီတာ ၃၂၀၀၀၀ ကျော်ရှိသော ရထားလမ်းကွန်ရက်ကို စုစည်းထားပြီး နှစ်စဉ် ခရီးသည် ၅
ဒသမ ၅ ဘီလီယံခန့်နှင့် ကုန်စည်တန်ချိန် ငါးဘီလီယံခန့်ကို သယ်ယူပို့ဆောင်ပေးသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments