ချင်းပြည်နယ်ဝန်ကြီးချုပ် ချင်းပြည်နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ လမ်းလျှောက်သင်္ကြန်သို့ တက်ရောက်
ဟားခါး ဧပြီ ၁၅
၂၀၂၆ ခုနှစ်
ချင်းပြည်နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ လမ်းလျှောက်သင်္ကြန်ကို
ယနေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရှေ့၌
မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ
ချင်းပြည်နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ လမ်းလျှောက်သင်္ကြန်သို့
ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်
ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊
ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့်
၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ယိမ်းအဖွဲ့များတက်ရောက်ကြသည်။
ဦးစွာ
ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ယိမ်းအကအဖွဲ့များနှင့် ဧည့်သည်တော်များအား
မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ အတာရေပက်ဖျန်းပေးကြသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာ့ရိုးရာ လက်ဖက်ပွဲနှင့် မြန်မာ့
သနပ်ခါး ယဉ်ကျေးမှုဓလေ့ သရုပ်ဖော်မှုများကို ကြည့်ရှုအားပေးပြီး
ပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်
ပိတောက်ပျိုမေ၊ ယိမ်းလှပျို၊ ပိတောက် နတ်သမီး၊ ရွှေဖူးဝါ၊ ယမင်းရွှေစင်၊ သင်္ကြန်ပန်းကလေးများ၊
မိညိုမြနှင့် ရွှေငုဝါမေ ယိမ်းအကအဖွဲ့များ၏ ကပြ ဖျော်ဖြေမှုနှင့် တစ်ကိုယ်တော်
သီဆိုကပြ ဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကာ ချင်းပြည်နယ် မြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော်အကြတ်နေ့သို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအား
စတုဒိသာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments