ရှမ်းပြည်နယ်ဝန်ကြီးချုပ် သင်္ကြန်အကြတ်နေ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေနေကြာ မဟာသင်္ကြန်မဏ္ဍပ် တက်ရောက်ချီးမြှင့်အားပေး
တောင်ကြီး ဧပြီ ၁၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ်
ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်
တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊
ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရ အဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ
ယနေ့သင်္ကြန်အကြတ်နေ့ နံနက် ၉ နာရီခွဲတွင် တောင်ကြီး မြို့
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေနေကြာမဏ္ဍပ်သို့ သွားရောက်၍
ယိမ်းအကအဖွဲ့များနှင့် နိုင်ငံကျော် အဆိုတော်များ၊ Dancer အကအဖွဲ့များ၏ ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှု အားပေးသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်
တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်
ဇနီး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊
ပြည်နယ်ဥပဒေချုပ်တို့က ပါဝင်ကပြ ဖျော်ဖြေပေးကြပြီး ယိမ်းအကအဖွဲ့များအား ဂုဏ်ပြု
ချီးမြှင့်ငွေများပေးအပ်သည်။
အလားတူ
တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း တရုတ်ဘုံကျောင်းအနီးရှိ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဝန်ကြီးဌာနနှင့် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီးဌာနမဏ္ဍပ်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ သင်္ကြန်အကြတ်နေ့ကို ပါဝင်
ဆင်နွှဲကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
No comments