ဆီဆိုင်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (အကြတ်နေ့) ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲ
ဆီဆိုင် ဧပြီ ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း)
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အကြတ်နေ့)
ကို ယနေ့နံနက်ပိုင်းတွင် ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြသည်။
ဆီဆိုင်မြို့တွင်
မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ကျင်းပလျက်ရှိရာ
ရေပက်ခံထွက်သူများ၊ ရေပက်သူများဖြင့် စည်ကားလျက်ရှိပြီး အ.ထ.က (ဆီဆိုင်) ရှေ့
ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးဘေး၌ ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်ထားရှိခြင်း၊
စတုဒိသာ ဧည့်ခံကျွေးမွေးခြင်း၊ မြန်မာ့ရိုးရာသနပ်ခါး လိမ်းခြယ်ခြင်း၊
ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခြင်းတို့ဖြင့် သင်္ကြန်ချစ်သူ ဒေသခံပြည်သူများက
အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
No comments