တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ



ပုသိမ် ဧပြီ

တတိယအကြိမ် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီက ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူက ဝန်ကြီးဌာန ခုနစ်ခုတွင် ဝန်ကြီးဌာနအလိုက် ခန့်အပ် တာဝန်ပေးမည့် ဝန်ကြီးခုနစ်ဦး အမည်စာရင်း အဆိုပြုချက်နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေး/ ကန့်ကွက် ခြင်းမရှိသဖြင့် လွှတ်တော်က သဘောတူကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။


ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် တိုင်းရင်းသားရေးရာ ဝန်ကြီးနှစ်ဦး ခန့်အပ်တာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော် က မှတ်တမ်းတင်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။ 


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူက တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် အဆိုပြုချက်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် အမည်စာရင်း အဆိုပြုချက်ကို လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသူက တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး လေးဦးကို ခန့်အပ်တာဝန်ပေးရန် အမည်စာရင်း အဆိုပြုချက်နှင့် စပ်လျဉ်း၍လည်းကောင်း လွှတ် တော်ကိုယ်စားလှယ်များက ဆွေးနွေး/ ကန့်ကွက်ခြင်း မရှိသဖြင့် လွှတ်တော်ကသဘောတူကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.