တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ
မန္တလေး ဧပြီ ၇
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိ သည့် လွှတ်တော်ကိုယ်စားလှယ် ၇၂ ဦးရှိသည့်အနက် ၇၁ ဦး တက်ရောက်သဖြင့် ၉၈ ဒသမ ၆၁ ရာခိုင်နှုန်း တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်တင်မြှောက်ခံထားရသော သမ္မတက အဆိုပြုထား သော မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်လှမြင့်အား ခန့်အပ်တာဝန် ပေးနိုင်ရေး လွှတ်တော်သို့တင်ပြပြီး ကန့်ကွက်လိုပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုထားသော တိုင်းဒေသကြီးဝန်ကြီး ရှစ်ဦး၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး အမည် စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာ သည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုထားသော မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ဦးလှသိန်းနှင့် မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်ခင်သီတို့အား ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် လွှတ်တော်သို့တင်ပြပြီး အမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုထားသော မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ခြောက်ဦးတို့ကို ခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် အမည်စာရင်းများကို လွှတ်တော်သို့တင်ပြပြီး အမည်စာရင်းတင်သွင်းထား သည့် ပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် အစည်းအဝေး ဒုတိယပိုင်းကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်တင်မြှောက်ခံထားရသော သမ္မတက အဆိုပြုထားသော မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ဒေါ်လှမြင့်၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ကို ရယူသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ က အဆိုပြုထားသော တိုင်းဒေသကြီးဝန်ကြီး ရှစ်ဦး၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘော တူညီချက်ကို ရယူသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုထားသော မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ဦးလှသိန်းနှင့် မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်ခင်သီတို့၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီ ချက်ကို ရယူသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုထားသော မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးများအဖြစ် ဦးမြင့်ဆန်း၊ ဒေါ်ခင်စန်းမြင့်၊ ဒေါ်ကြည်ကြည်စိန်း၊ ဒေါ်ခင်သစ်ဆွေ၊ ဦးသန်းထွန်းအောင်၊ ဦးစောမျိုးမျိုးတို့၏ အမည် စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ကို ရယူသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး သတ္တမနေ့ကို ဧပြီ ၁၀ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)

No comments