အမေရိကန်နှင့် အစ္စရေးတို့၏ နိုင်ငံရေးအရ တရားမျှတမှုမရှိသည့် ဆောင်ရွက်ချက်များကို ကာကွယ်သွားမည်ဟု အီရန်သမ္မတပြောကြား
တီဟီရန် ဧပြီ
၂၀
အီရန်နိုင်ငံသည် အမေရိကန်နှင့်
အစ္စရေးတို့၏ နိုင်ငံရေးအရ တရားမျှတမှုမရှိသည့် ဆောင်ရွက်ချက် များကို ကာကွယ်သွားမည်ဖြစ်ကြောင်း သမ္မတ မာဆော့
ပီဇက်ရှ်ကီရှန်က ပြောကြားခဲ့သည်။ ဒေသတွင်း
လက်ရှိအခြေအနေများ၊ တီဟီရန်နှင့် ဝါရှင်တန်အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့်
နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးနှင့် ဆက်စပ်သောကိစ္စရပ်များကို အီရန်သမ္မတနှင့် ပါကစ္စတန် ဝန်ကြီးချုပ် ရှာဗတ်ရှာရစ်တို့ကြား ဖုန်းဖြင့်
ဆွေးနွေးခဲ့ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ ကြောင်း သိရသည်။
အမေရိကန်နှင့် အစ္စရေးတို့၏
အီရန်ဆန့်ကျင်ရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပီဇက်ရှ် ကီရှန်က သတိပေးခဲ့သည်။ အမေရိကန်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့်
အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ၎င်း၏ ကတိများကို အဆက်မပြတ် ချိုးဖောက်ခဲ့ကြောင်းနှင့် အီရန်အပေါ် ရေတပ် ပိတ်ဆို့မှုလုပ်ရပ်ကို
ဆက်လက်လုပ်ဆောင်ခြင်းဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်းအပြင်
ကုလသမဂ္ဂပဋိညာဉ်စာတမ်းအား ချိုးဖောက်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။
အမေရိကန် တာဝန်ရှိသူများ၏
အီရန်အပေါ် ထိုကဲ့သို့သော လုပ်ဆောင်ချက်များသည် ဝါရှင်တန် အပေါ် တီဟီရန်၏ သံသယများ ပိုမိုတိုးပွားလာစေကာ အမေရိကန်သည်
သံတမန်ရေးကို ချိုးဖောက်ရန် ကြိုးပမ်းနေသည်ဟူသောအချက်ကို ပေါ်လွင်စေကြောင်း အီရန်သမ္မတက ပြောကြား ခဲ့သည်။
အမေရိကန်နှင့် ဒုတိယအကြိမ်ပြုလုပ်မည့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အီရန်နိုင်ငံက ပါဝင်ဆွေးနွေး မည်မဟုတ်ကြောင်း အီရန်တရားဝင်သတင်းအေဂျင်စီ
အိုင်နာက ဧပြီ ၁၉ ရက်တွင် ပြောကြားသည်။
အီရန် ပါဝင်ဆွေးနွေးခြင်းမပြုသည့်အကြောင်းရင်းမှာ
ဝါရှင်တန်၏ တောင်းဆိုချက်များ များပြား ခြင်း၊ ဆွေးနွေးပွဲအပေါ်
ဖြစ်နိုင်ချေမရှိသည့် မျှော်မှန်းချက်များထားရှိခြင်းနှင့် အမေရိကန်ရေတပ် ဖွဲ့များက
အီရန်အပေါ် ပိတ်ဆို့မှုများဆောင်ရွက် ခြင်းတို့ကြောင့်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာ အိက်စ်
တွင် အိုင်နာသတင်းအေဂျင်စီက ပြောကြားသည်။
ထို့အပြင် အစ္စလာမ္မာဘတ်တွင်
ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပမည့် အကြောင်းရင်းမှာ အီရန်နိုင်ငံ အပေါ် ဖိအားပေးရန် အမေရိကန်၏
မီဒီယာ ကစားကွက်ဖြစ်ပြီး အမေရိကန်၏ များပြားသည့် တောင်းဆိုချက်များနှင့် မကြာခဏ
အပြောင်းအလဲပြုလုပ်သည့် သဘာဝကြောင့် ညှိနှိုင်းဆွေးနွေးရေး လုပ်ငန်းများကို ရှေ့တိုးရန်
အဟန့်အတားဖြစ်စေကြောင်း အီရန်ဘက်မှ
ပြောကြားသည်။
အီရန်နှင့် အမေရိကန်ကြား
ယခုနှစ် ဧပြီ ၈ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်ရရှိခဲ့ပြီးနောက် အစ္စလာမ္မာဘတ်တွင်
ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပခဲ့သော်လည်း ညှိနှိုင်းဆွေးနွေးမှုများ
မအောင်မြင်ခဲ့ပြီးနောက် အမေရိကန်ရေတပ်ဖွဲ့က
အီရန်အပေါ် ရေကြောင်းပိတ်ဆို့ခြင်းများ
ဆောင်ရွက်ခဲ့သည်။
အီရန်အနေဖြင့် အမေရိကန်၏
တောင်းဆိုချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုက်ခိုက်မှု များကို ဆက်လက်ဆောင်ရွက်မည်ဟု
အမေရိကန်သမ္မတ ထရမ့်က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments