ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
ပန်းတောင်း ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနခန်းမတွင် အခမဲ့စမ်းသပ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆေးကုသပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုး ဦးဆောင်၍ ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများကို အပူချိန်များတိုင်းတာ၍လည်းကောင်း၊ ဆီးချို၊ သွေးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ အစရှိသောရောဂါများကို အခမဲ့ စမ်းသပ်ကုသပေးခြင်းနှင့် အခမဲ့ဆေးဝါးများပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို နံနက် (၉) နာရီမှ ညနေ ၄ အချိန်ထိ အခမဲ့ဆေးကုသ ပေးလျက်ရှိပြီး လစဥ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးထံမှ သိရသည်။
လပြည့်လင်း(ပြန်/ဆက်)

No comments