သဲကုန်းမြို့နယ်တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၅) လုံး အမိုးလန်ပျက်စီး



သဲကုန်း ဧပြီ ၂၁


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဧပြီ ၂၀ ရက်က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၅)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။


လေပြင်းတိုက်ခတ်မှုကြောင့် ကျွဲခေါင်းကျေးရွာ၊ သီးကုန်းကျေးရွာ၊ သာပေါင်းကျေးရွာ၊ ရပ်သာကျေးရွာ၊ ကြို့ကုန်းကျေးရွာများမှ နေအိမ်(၁၅)လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း၊ လေဘေးသင့်အိမ်ထောင်စု (၁၅)စုမှ ကျား(၁၆)ဦး၊ မ(၂၀)ဦး စုစုပေါင်း (၃၆)ဦးတို့အား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် တာဝန်ရှိများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်များ ပြန်လည်ပြုပြင်နိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)

No comments

Powered by Blogger.