မော်လမြိုင်ကျွန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်



မော်လမြိုင်ကျွန်း၊  ဧပြီ   ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ခြင်မှတဆင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက အမှတ် (၆)ရပ်ကွက်ရှိ နေအိမ်များတွင် ဆောင်ရွက်ခဲ့သည်။


ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်စန်းဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် များက လမ်းအတွင်းရှိ ရေတွင်း၊ ရေကန်များ၊ သိုလှောင်ကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသိပညာပေးပြောကြားခြင်းနှင့် ခြင်မှတဆင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆေးခပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)

No comments

Powered by Blogger.