​ပေါက်ခေါင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး



ပေါက်ခေါင်း  ဧပြီ  ၂၁


ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် နိုင်ငံ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ပြည်သူ့ဆေးရုံ၊ သံဃာဆောင်၌ ယနေ့ နံနက် ၉ နာရီက အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တို င်းပေးခြင်း၊ ECG စက်ဖြင့် နှလုံးခုန်နှုန်းစစ်ဆေးပေးခြင်း၊ ​ရောဂါရှာဖွေပေးခြင်း၊ အထွေထွေရောဂါများ စစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စနစ်တကျ ကုသပေးခြင်းများကို ဆောင်ရွက် ပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးများကို တစ်လစာ အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်) 

No comments

Powered by Blogger.