ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်တွင် အမှတ်(၅)အဆန်/အမှတ်(၆)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထား တိုက်ရိုက်စတင်ပြေးဆွဲမည်

 ​



နေပြည်တော် ဧပြီ ၂၁

 

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေး-ရန်ကုန် ရထားခရီးစဉ်အဖြစ် အမှတ်(၅)အဆန်/ အမှတ်(၆)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားအား မေ ၁ ရက်မှစတင်၍ အောက်ပါအချိန်ဇယား အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။



ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တစ်လျှောက် ရပ်တန့်ဘူတာများမှာ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာတို့ ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ အထက်တန်းငွေကျပ် ၄၈၀၀၀ နှင့် ပထမတန်းငွေကျပ် ၃၄၀၀၀ တို့ဖြစ်သည်။

 

ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်တစ်လျှောက် အမှတ်(၃၁) အဆန်/ အမှတ်(၃၂) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားအား အောက်ပါအချိန်ဇယားအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။ လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ ယခင်အတိုင်းဖြစ်သည်။



ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်တစ်လျှောက် အမှတ်(၇)အဆန်/ အမှတ်(၈)အစုန် လေအေးပေး စက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားအား အောက်ပါအချိန်ဇယားအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။ လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ ယခင်အတိုင်းဖြစ်သည်။



ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်တွင်ပြေးဆွဲမည့် အမှတ်(၅)အဆန်/ အမှတ်(၆)အစုန် DEMU လူစီး အမြန်ရထားများနှင့် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်တွင် ပြေးဆွဲနေသော အမှတ်(၃၁) အဆန်/အမှတ် (၃၂)အစုန်၊ အမှတ်(၇)အဆန်/ အမှတ်(၈)အစုန် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများ၏ ထိုင်ခုံလက်မှတ်များအား online Railways Ticketing and payment (ORTP) System ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် ရထားစီးနင်းမှု များပြားလာသည်နှင့်အမျှ ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရထားခရီးစဉ်များတိုးချဲ့ပြေးဆွဲပေးခြင်း၊ ရထားတွဲများ ထပ်မံချိတ်ဆက်ပြေးဆွဲခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.