နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် KIA အဖွဲ့နှင့် KPDF အမည်ခံအဖွဲ့ဝင်လေးဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်
နေပြည်တော် ဧပြီ ၂၉
နိုင်ငံတော်အစိုးရသည်
PDF
အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍
လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား
ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြ
သူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့်
တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် KIA အဖွဲ့နှင့် KPDF အမည်ခံအဖွဲ့ မှ
အဖွဲ့ဝင် အမျိုးသား သုံးဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း လေးဦးတို့သည် လက်နက်ခဲယမ်း
များနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
ထိုသို့
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် KIA အဖွဲ့ဝင် အမျိုးသား နှစ်ဦး၊ KPDF အဖွဲ့ဝင် အမျိုးသားတစ်ဦး
နှင့် အမျိုးသမီးတစ်ဦး စုစုပေါင်းလေးဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍
မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်
တနိုင်းတပ်နယ် ရှိ ရဲမာန်အောင်ခန်းမ၌ ပြုလုပ်ရာ တနိုင်းတပ်နယ်မှ တာဝန်ရှိသူများ၊
ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာခဲ့ကြသူများနှင့်
၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။
ဦးစွာ
တာဝန်ရှိသူတစ်ဦးက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ လူငယ်များအား အသိပညာပေး ရှင်းလင်းပြောကြားသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြ သူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့်
Ko
ပါရီ သေနတ်တစ်လက်၊ KA-25 ဗုံးပစ်လောင်ချာတွဲ သေနတ် တစ်လက်၊ K-25 သေနတ်တစ်လက်၊ လက်ပစ်ဗုံး လေးလုံး၊ ကျည်တောင့် ၆၀၀၊
ကျည်အိမ် မျိုးစုံကိုးခု၊ ကျည်ကာအင်္ကျီတစ်ထည်၊ စကားပြောစက်တစ်လုံးနှင့်
ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ယင်းနောက်
တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများအား
မောင်းပြန်ရိုင်ဖယ်နှစ်လက်အတွက် ငွေကျပ်သိန်း ၁၀၀၊ K-25 ဗုံးပစ်လောင်ချာတွဲ သေနတ်တစ်လက်အတွက် ငွေကျပ် ၇၅ သိန်း၊ လက်ပစ်ဗုံးလေးလုံးအတွက်
ငွေကျပ် ၁၂ သိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် ငွေကျပ်သိန်း ၂၀
စုစုပေါင်းငွေကျပ် ၂၀၉ သိန်းကို ပေးအပ်ပြီး ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ
မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးကြသည်။ ထို့နောက်
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ
ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ
အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည်
အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက်
အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊
စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ
ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင်
လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်း ခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊
သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့်
တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ် ကျဆင်းလာခြင်းတို့အပြင်
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး
ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ
ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့်
လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်
ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်
လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ
ကျန်ရှိနေသေးကြောင်း သိရပြီး ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများ
အနေဖြင့် နီးစပ်ရာတပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်
သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့်
လက်နက်/ခဲယမ်း များအတွက် ဆုကြေးငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့
ကြားသိရပါသည် -
ကရင်ပြည်နယ် ဘက်ကနေလာပြီးမှ
အလင်းဝင်ရောက်တာပါခင်ဗျာ။ ဒီထဲကို ရောက်သွားတာက သူငယ်ချင်းနဲ့နှစ်ယောက်
ကျောက်ဝိုင်းကနေတစ်ဆင့် ကျွန်တော်တို့ကို ခေါ်သွားတယ်။ ကားပေါ်ကို တင်ပြီး
ဒီအတိုင်းခေါ်သွားပြီး ဟိုရောက်တော့ မိုးလင်းမှ ကျွန်တော်တို့ကသိတယ်။
ဘယ်ကိုရောက်နေတာလဲဆိုပြီး ကြည့်လိုက်တော့ တောထဲရောက်နေတယ်။ ကျွန်တော်အစကတည်း က
ဒီကိုဝင်ဖို့အတွက် သူငယ်ချင်းနဲ့ ဝင်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်လိုက်တယ်။
ကျွန်တော်သူ တို့ကိုခေါ်ချင်တယ်။ မရမကလည်း ကျွန်တော်ခေါ်ဦးမှာပါ။ သူတို့လည်း
သူတို့မိဘတွေနဲ့ အလွန်ကို တွေ့ချင်နေကြမှာပါ။
သတင်းစဉ်
No comments