မင်းလှမြို့၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် Unique ID နံပါတ်များ ကွင်းဆင်းဆောင်ရွက်
မင်းလှ ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်
စစ်ကွင်းမြို့ မြို့မရပ်ကွက် ဓမ္မာရုံ၌ ရက် (၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ
ပြုလုပ်ပေးခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်
ရပ်/ကျေးစာရေးများက အသက်(၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်လိုသူများနှင့်
ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများအား လိုအပ်သည့် အချက်အလက်၊ အထောက်အထားများ
ဖြည့်စွက်ကာ စိစစ်ထုတ်ပေးပြီး ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်း၊ Unique ID နံပါတ်များ
ထုတ်ပေးခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
ပေါက်စ(မင်းလှ)
42820261001.jpg)
No comments