လေးမျက်နှာမြို့နယ်၌ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်

 


ဟင်္သာတ ဧပြီ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ကြံတောစုကျေးရွာတွင် ဧပြီ ၂၇ ရက် နံနက်ပိုင်းက ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ဖွင့်လှစ်သည်။

 

သင်တန်းဖွင့်ပွဲတွင် လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက အမှာစကား ပြောကြားသည်။ ထို့နောက် ဟင်္သာတခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာထွေးက သင်တန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းကို ဧပြီ ၂၂ ရက်မှ ဇွန် ၂၁ ရက်အထိ လည်းကောင်း၊ အခြေခံနှင့် မွမ်းမံသင်တန်းကို မေ ၂၉ ရက်မှ ဇွန် ၁၂ ရက်အထိလည်းကောင်း စုစုပေါင်း ၄၅ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းမှ လုပ်ငန်းထူထောင်မည့်သူ ငါးဦးတို့အား မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်သည့် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.