ညောင်ဦးမြို့နယ်၌ VDP စီမံကိန်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်
ညောင်ဦး ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကူရွာကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့်
VDP စီမံကိန်းလုပ်ငန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းကော်မတီဝင်များ
ဖွဲ့စည်းခြင်းကို ဧပြီ ၂၃ ရက်က ကျင်းပသည်။
ရှင်းလင်းပြောကြား
ဦးစွာ ညောင်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်က နိုင်ငံတော်အစိုးရသစ်၏ အကောင်အထည်ဖော်
ဆောင်ရွက်မည့် ရက်(၁၀၀) စီမံချက်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး
ညောင်ဦးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းက
VDP စီမံကိန်းလုပ်ငန်းတွင် လိုက်နာရမည့် မူဘောင်များနှင့် စီမံကိန်းလုပ်ငန်းစဉ်များကို
ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ညောင်ဦးမြို့နယ် ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဦးက လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်
ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ
ဆောင်ရွက်နိုင်ရေး ကျေးရွာကော်မတီဝင် ကိုးဦးကို ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)

No comments