မြောက်ကိုရီးယား အမျိုးသမီး ဘောလုံးအသင်း AFC Women’s Champions League ဆီမီးဖိုင်နယ်ပွဲ ယှဉ်ပြိုင်ရန် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိ
ဆိုးလ် မေ ၁၇
မြောက်ကိုရီးယား အမျိုးသမီးဘောလုံးအသင်းတစ်သင်းက
AFC Women’s Champions League ဆီမီးဖိုင်နယ်ပွဲ ယှဉ်ပြိုင်ရန်အတွက် တောင်ကိုရီးယားနိုင်ငံ
ဆိုးလ်မြို့တော် အနောက်ဘက် အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ရောက်ရှိခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ရန်အတွက်
တောင်ကိုရီးယားနိုင်ငံသို့ ရှစ်နှစ်အတွင်း ပထမဆုံး အကြိမ် လာရောက်ခြင်းဖြစ်သည်။
မြောက်ကိုရီးယား အမျိုးသမီးဘောလုံးအသင်း
Naegohyang Women’s FC သည် မေ ၂၀ ရက် ဒေသစံတော်ချိန် ည ၇ နာရီတွင် တောင်ကိုရီးယား အမျိုးသမီးဘောလုံးအသင်းနှင့် ဆူဝန် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
တောင်ကိုရီးယားအားကစားပြိုင်ပွဲတွင် မြောက်ကိုရီးယားအားကစားသမားများ နောက်ဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ကစားခဲ့သည်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်
အင်ချွန်း၌ ကျင်းပသော နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်
World Tour Grand Finals ပြိုင်ပွဲတွင်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် မြောက်ကိုရီးယားကစားသမား ချာဟရိုဆင်းမ်သည်
တောင်ကိုးရီးယားကစားသမား ဂျန်ဝူဂျင်းနှင့်
နှစ်ယောက်တွဲ အတူယှဉ်ပြိုင်ပါဝင်ကစားခဲ့သည်။
မြောက်ကိုရီးယား အမျိုးသမီးဘောလုံးအသင်း
Naegohyang Women’s FC ကို ၂၀၁၂ ခုနှစ်တွင် ပြုံယမ်းမြို့တော်၌ တည်ထောင်ခဲ့ပြီး ၂၀၂၁-၂၀၂၂
ခုနှစ် မြောက်ကိုရီးယား ပထမတန်းလိဂ်ဖလားကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်

No comments