ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေး မြေပြင်စည်းရုံးလှုံ့ဆော်
ဘားအံ မေ ၂၄
ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ယနေ့နံနက်ပိုင်းက အိန္ဒုကျေးရွာ ရွာလယ်လမ်းဆုံတွင် ဖြတ်သန်း သွားလာနေသူများ၊ အိန္ဒုဈေးအတွင်း ဈေးရောင်းချနေသူများ၊ ဈေးဝယ်သူများကို ကျောင်းအပ်နှံရေး အစီအစဉ် ဆိုင်ရာများ၊ အခမဲ့ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ သိရှိလိုက်နာရမည့်အချက်များ၊ မိဘအုပ်ထိန်းသူ ပြည်သူများသို့ မေတ္တာရပ်ခံချက်များပါဝင်သည့် ကျောင်းအပ်နှံရေးလှုံ့ဆော်သည့် လက်ကမ်း စာစောင်များကို ဖြန့်ဝေ၍ မိမိတို့ ပတ်ဝန်းကျင်ရှိ ကျောင်းနေအရွယ် ကလေးများအား ကျောင်းသို့ အပ်နှံ ပညာသင်ကြားပေးကြရန် စည်းရုံးလှုံ့ဆော်ကြသည်။
ပေးအပ်ချီးမြှင့်
ထို့နောက် အိန္ဒုကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး မေ ၂၅ ရက်မှစ၍ ကျောင်းအပ်လက်ခံနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသား ကျောင်းသူများအား အခမဲ့ထောက်ပံ့ပေးမည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ခဲတံ၊ ဘောပင်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုများကို ကြည့်ရှု စစ်ဆေးကာ အဆိုပါကျောင်း၏ ကျောင်းအုပ်ဆရာကြီးက စွန့်ပစ် ပလတ်စတစ်များမှ တစ်ဆင့် ပေါင်းခံ၍ (ဘိုင်အိုဒီဇယ်) စက်သုံး ဆီထုတ်ယူ၍ တစ်လုံးထိုးဒီဇယ် အင်ဂျင်များတွင် အသုံးပြုနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး ကျောင်းအုပ်ကြီးအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်နယ်၏ ခရီးစဉ် ဒေသတစ်ခုဖြစ်သော လွန်းည ရေပြာအိုင်ခရီးစဉ်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ၏ ခရီးစဉ်ဒေသ အသစ်တစ်ခုဖြစ်သော ဘားအံမြို့နယ် လှာကဒေါင်အင်းကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments