ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရ ပဓာနနာယကဆရာတော် ဘဒ္ဒန္တကောဝိဒ(ဝစီပိတ်ဆရာတော်) သက်တော်(၆၉)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာပွဲ ကျင်းပ

 


ကျိုင်းတုံ မေ ၁၄

 

ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရ ပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)၏ သက်တော် (၆၉)နှစ်ပြည့် ဝိဇတမွေးနေ့ အလှူတော်အကြိုပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်အတူ တက်ရောက်၍ ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

 

ယနေ့နံနက်ပိုင်းတွင် ဆရာတော်၊ သံဃာတော်များက ဘဒ္ဒန္တကောဝိဒ(ဝစီပိတ်ဆရာတော်)အား သိမ်အတွင်း ဥပသမ္ပဒကံဆောင်သိက္ခာထပ်ပေးကြပြီး သိမ်အဆင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ လောင်းလှူကြသည်။

 

ဆက်လက်၍ သီလဓမ္မကုန်းသာတောရဘုန်းကြီးကျောင်းတွင် ဆရာတော်၏ (၆၉) နှစ်မြောက် ဝိဇာတ မွေးနေ့ဆုတောင်း အခမ်းအနားကို ကျင်းပပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments

Powered by Blogger.