တပ်ကုန်းမြို့နယ်အတွင်း ကျေးလက်လမ်းများဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

 


တပ်ကုန်း မေ ၂၀

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသထွက်ကုန်များ စျေးကွက်သို့အချိန်မီရောက်ရှိစေရေး ကျေးလက်လမ်းကွန်ရက်များ ဆောင်ရွက်​ပေးနိုင်ရန်အတွက် ကျေးလက်လမ်း ဖွံ့ဖြိုး​ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား​ရေးမှူးချုပ် ​ဒေါက်တာထွန်းမြင့်​အောင်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများက မေ ၁၇ ရက်နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။

 

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ဒုတိယညွှန်ကြား​ရေးမှူးချုပ် ​ဒေါက်တာထွန်းမြင့်​အောင်နှင့် တာဝန်ရှိသူများက ​​အောင်​မြေရိပ်သာ-​နောင်ဘိုအိုး-ကံကြီး​ကျေးရွာချင်းဆက်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသလိုအပ်ချက်နှင့်အညီ ကျေးလက်လမ်းများကို ဆောင်ရွက်​ရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)

No comments

Powered by Blogger.