တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရှမ်းပြည်နယ် (တောင်ပိုင်း) အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (အေးသာယာ) သို့ သွားရောက်၍ အိမ်ရာတည်ဆောက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး
အေးသာယာ၊ ဟဲဟိုး၊ ကလောတပ်နယ်ရှိ နယ်မြေခံတပ်ရင်းများ လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၂၀
တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ဇနီးဒေါ်နီလာ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ)
ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး
ထွန်းဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်
ဇနီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍
ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အေးသာယာမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ
(အေးသာယာ) သို့သွားရောက်၍ အိမ်ရာ တည်ဆောက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ
(အေးသာယာ) သို့ရောက်ရှိကြရာ ရှင်းလင်းဆောင်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)
စစ်ထောက်ချုပ်ရုံးမှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်က
အိမ်ရာတည်ဆောက် ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်လျက်ရှိမှု၊ စစ်မှုထမ်းဟောင်းများအား
နေရာချထားပေးမှုနှင့် ဆက်လက် နေရာချထားပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊
ရေနှင့်လျှပ်စစ်မီးပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် လုံလောက်မှုရှိစေရေး
ဆောင်ရွက်ထားရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်မှုထမ်းဟောင်းများသည် အရေးကြီးသည့် တပ်မတော်၏
အင်အားတစ်ရပ်ဖြစ်သည့်အတွက် စစ်မှုထမ်းဟောင်းများ၏ အရေး ကိစ္စများကို ဂရုတစိုက်ဆောင်ရွက်ပေးရန်လိုအပ်သည့်
အခြေအနေများ၊ အိမ်ရာနေ စစ်မှုထမ်းဟောင်း မိသားစုများ နေထိုင်၊ စားသောက်၊ သွားလာမှု
အဆင်ပြေစေရေး လိုအပ်သည်များ စီမံဆောင်ရွက်ပေးမည့် အခြေအနေများ၊ အိမ်ရာဝင်းအတွင်း
သန့်ရှင်းသာယာလှပရေး၊ ရေနုတ် မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် စနစ်တကျစီမံဆောင်ရွက်သွားရန်
လိုအပ်သည့် အခြေအနေများကို လမ်းညွှန်မှာကြားသည်။
ထို့နောက်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်းရှိ
သက်သာချောင်ချိရေး အရောင်းဆိုင်အား ကြည့်ရှုစစ်ဆေးပြီး စစ်မှုထမ်းဟောင်း
မိသားစုဝင်များအား စက်ချုပ်နည်းပညာသင်တန်း သင်ကြားပို့ချနေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် အိမ်ရာဝင်း အတွင်းရှိ တည်ဆောက်ပြီးစီးသည့် နေအိမ်တိုက်ခန်းများနှင့်
တည်ဆောက်ဆဲတိုက်ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အိမ်ရာတွင်
နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များကို ရင်းရင်းနှီးနှီး
လိုက်လံနှုတ်ဆက်ကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့ပြင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် အေးသာယာ၊
ဟဲဟိုး၊ ကလောတပ်နယ်များရှိ နယ်မြေခံတပ်ရင်းများအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှု
စစ်ဆေးပြီး မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments