ဟိုတယ်လုပ်ငန်းရှင်များ ငွေဆောင်၌ ပထမဆုံးအကြိမ် နှစ်ပတ်လည် စည်းဝေး
ငွေဆောင် မေ ၆
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်
နဝမအကြိမ်မြောက်သက်တမ်း၏ ပထမအကြိမ်နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးကို ယမန်နေ့က
ငွေဆောင်မြို့ ယမုံနာဦး ဟိုတယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး
စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဆန်းချစ်က တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ
ဦးသိန်းဝင်းက အမှာစကားပြောကြားပြီး အထွေထွေအတွင်းရေးမှူးက နှစ်ပတ်လည်အစီရင်ခံစာ
ဖတ်ကြားသည်။ ယင်းနောက် တက်ရောက်လာသော ဟိုတယ်ဇုန်ဥက္ကဋ္ဌများက မိမိတို့ဇုန်အလိုက်
ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
ကြေးမုံ

No comments