ညောင်ဦးမြို့နယ်၌ ဆီထွက်သီးနှံများ စတင်စိုက်ပျိုး

 


ညောင်ဦး မေ ၁၃


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ မိုးစတင်ရွာသွန်းပြီဖြစ်သဖြင့် တောင်သူများ ဆီထွက်သီးနှံ မြေပဲနှင့်နှမ်းများကို စတင်စိုက်ပျိုးလျက်ရှိသည်။


ညောင်ဦးမြို့နယ်၌ မေ ၁၀ ရက် နှင့် ၁၁ ရက်တို့တွင် တောင်သူများ ထွန်ယက်စိုက်ပျိုးနိုင်သည်အထိ မိုးရွာသွန်းခဲ့သဖြင့် ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့်များ စတင် စိုက်ပျိုးလျက်ရှိကြသည်။


အဓိကထားစိုက်ပျိုး


ညောင်ဦးမြို့နယ်၌ ယာမြေအများစု ဖြစ်သည့်အတွက် မိုးရာသီ၌သာ ဆီထွက်သီးနှံများ အဓိက ထားစိုက်ပျိုးကြပြီး မြေပဲကို ပင်ထောင်မြေပဲ (သုံးလ) ပဲနှင့် ပင်ပြန့်မြေပဲ (ခြောက်လ)ပဲ၊ နှစ်ကြိမ် စိုက်ပျိုးကြကြောင်း၊ ဆီထွက်နှမ်းကို မိုးနှမ်းနှင့် ဆောင်းနှမ်း နှစ်ကြိမ်ကြဲပက် စိုက်ပျိုးကြပြီး သီးထပ်၊ သီးညှပ်အဖြစ် ပဲစင်းငုံနှင့် ကွာစေ့ဖရဲများ စိုက်ပျိုးကြကြောင်း သိရသည်။


ဒီပါလင်း

No comments

Powered by Blogger.