သထုံမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်

 


သထုံ မေ ၁၃

 

မွန်ပြည်နယ် သထုံမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးရေးနှင့် ချေးငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သထုံမြို့နယ်အတွင်း ယခင်နှစ်များက မိုးစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို အစောဆုံး အကျေပြန်လည်ပေးဆပ်ခဲ့သည့် ဓနုက တိုက်ကျေးရွာမှ တောင်သူ ၃၃ ဦးတို့၏ စိုက်ဧက ၂၉၅ ဧက အတွက် ချေးငွေကျပ် ၈၈၅ သိန်းကို လက်ဝယ်အရောက် ပေးအပ်သည်။

 

သထုံမြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၄၃ အုပ်စုမှ တောင်သူ ၂၇၈၁ ဦးတို့၏ မိုးစပါးစိုက်ဧက ပေါင်း ၂၅၀၀၀ အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းပေါင်း ၇၅၀၀၀ ကို မေလမှ ဇူလိုင်လအထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.