သာပေါင်းမြို့နယ်၌ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေး

 



သာပေါင်း မေ ၁၃


ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်တွင် ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲရုံး၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အမှာစကားပြောကြားပြီး မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဦးဇင်မင်းသိုက်က စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ချေးခြင်း၊ ချေးငွေပြန်လည်ပေးဆပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် သစ်ပုတ်ကုန်းကျေးရွာအုပ်စုရှိ တောင်သူ ၁၁၃ ဦးအား ချေးငွေ စတင်ထုတ်ချေးပေးလျက်ရှိပြီး သာပေါင်းမြို့နယ်မှ ကျေးရွာ အုပ်စု ၅၈ အုပ်စုရှိ တောင်သူ ၅၉၈၃ ဦးတို့၏ ချေးငွေများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သာပေါင်း(ပြန်/ဆက်)

No comments

Powered by Blogger.