အမေရိကန်-အီရန် ပဋိပက္ခကို အဆုံးသတ်ရန် ပါကစ္စတန်နိုင်ငံက ကြားဝင်ဖျန်ဖြေရေးကြိုးပမ်းမှု များကို ဆက်လက်ဆောင်ရွက်လျက်ရှိ
အစ္စလာမာဘတ် မေ ၃
အမေရိကန်-အီရန် ပဋိပက္ခကိုအဆုံးသတ်ရန်
ပါကစ္စတန်နိုင်ငံက ကြားဝင်ဖျန်ဖြေရေးကြိုးပမ်းမှုများ ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ရီဇာ မိုဟာဒမ်က ယနေ့ ပြောကြားသည်။
အမေရိကန်နှင့် ပဋိပက္ခကိုအဆုံးသတ်ရန်
ရည်ရွယ်သည့် အီရန်၏ စေ့စပ်ညှိနှိုင်းရေးအစီအစဉ်သစ်ကို ပါကစ္စတန်နိုင်ငံသို့ ပေးအပ်ခဲ့ပြီး ပါကစ္စတန်က အမေရိကန်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အီရန်သံအမတ်ကြီး
ရီဇာ မိုဟာဒမ်က ပြောကြားသည်။
တီဟီရန်သည် ၎င်း၏ရပ်တည်ချက်များနှင့်
တောင်းဆိုမှုများတွင် ပွင့်လင်းမြင်သာမှုရှိပြီး ပြဿနာ များကို ဖြေရှင်းရန် စိတ်ရင်းမှန်ဖြင့်
စေ့စပ်ညှိနှိုင်းမှုတွင် အောင်မြင်မှုရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း အီရန်သံအမတ်ကြီးက
ဆက်လက်ပြောကြားခဲ့သည်။
ပဋိပက္ခအဆုံးသတ်ရန် ဝါရှင်တန်၏
ဆုံးဖြတ်ချက်တွင်သာ မူတည်ကြောင်းလည်း ၎င်းက ပြောကြား ခဲ့သည်။
ဒေသတွင်းနှင့် ကမ္ဘာ့ပြည်သူများက
ရလဒ်ကောင်းထွက်ပေါ်မှုကို စောင့်မျှော်နေကြပြီး အီရန်က သံခင်းတမန်ခင်း လမ်းကြောင်းအတိုင်း
ဆက်လက်လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်သည် ၎င်း၏ အလွန်အကျွံ
ရန်လိုသည့်အပြုအမူကို အဆုံးသတ်ပြီး အီရန်၏ အခွင့်အရေး များကို လေးစားသည့်ချဉ်းကပ်မှုမျိုးဖြင့်
ဆောင်ရွက်သင့်ကြောင်း အီရန်သံအမတ်ကြီးက ပြောကြား ခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်

No comments