အီရန်နိုင်ငံက ငြိမ်းချမ်းရေးအဆိုပြုချက်တစ်ရပ်တင်သွင်း



တီဟီရန်  မေ  

အီရန်အနေဖြင့် အမေရိကန်နှင့် ကျင်းပနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ငြိမ်းချမ်းရေး  အဆိုပြုချက်တစ်ရပ်ကို ကြားဝင်ညှိနှိုင်းသည့် ပါကစ္စတန်နိုင်ငံမှတစ်ဆင့် အမေရိကန်သို့ တင်သွင်းခဲ့ ကြောင်း အီရန်နိုင်ငံဥပဒေရေးရာနှင့် နိုင်ငံတကာရေးရာဆိုင်ရာ  ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကာဇန် ဂါရီဘာဘာဒီက တီဟီရန်တွင် ပြည်ပနိုင်ငံများမှ သံအမတ်ကြီးများနှင့် အစည်းအဝေး ကျင်းပစဉ် ပြောကြားခဲ့သည်။

သံတမန်နည်းလမ်းဖြင့်ဖြေရှင်းဆောင်ရွက်ခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းနည်းလမ်းများမှ အမေရိကန်အနေဖြင့် မိမိနှစ်သက်သည့်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

အီရန်အနေဖြင့် စစ်ပွဲထာဝရပြီးဆုံးရေးကိုရှေးရှုသည့် အစီအမံတစ်ရပ်ကို ပါကစ္စတန်နိုင်ငံမှတစ်ဆင့် အမေရိကန်သို့ တင်ပြခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အမေရိကန်အနေဖြင့် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း နည်းလမ်းနှစ်သွယ်ထဲမှ မည်သည့်နည်းလမ်းအား အသုံးပြုမည်ကို ချင့်ချိန်ရွေးချယ်ရန် လိုအပ် ကြောင်း ၎င်းကပြောကြားသည်။ အီရန်အနေဖြင့် မိမိနိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ရန် အသင့်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။                           

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.