သာပေါင်းမြို့နယ်၌ ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချပေး

 



သာပေါင်း မေ ၁၃


ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီမှ ယနေ့နံနက်ပိုင်းတွင် သီရိရွှေသာ ဈေးရှေ့ ဧရာဝတီဘဏ်မျက်နှာစာ၌ ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးသည်။


ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအဖွဲ့တို့က ဆန်တစ်ပြည် ငွေကျပ် ၂၈၀၀၊ ဆီ ၅၀ ဆယ်သား ငွေကျပ် ၄၃၀၀ နှင့် ဘူးခွံကျပ် ၂၀၀၊ ကြက်ဥ ကျပ် ၅၀၀ နှုန်းဖြင့် အိမ်ထောင်စု ၂၂၀ အား ရောင်းချပေးခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.