ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး လက်ကမ်းစာစောင်ဖြန့်ဝေ
ဘားအံ မေ ၂၂
ကရင်ပြည်နယ်
ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ပြည်နယ် လွှတ်တော်
ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ အမှတ် (၆)
ရပ်ကွက် သီရိဈေး၌ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး
လှုံ့ဆော်သည့် အနေဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။
ပေးအပ်ချီးမြှင့်
ထို့နောက်
ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် မူလတန်းပြ ဆရာဆရာမများ အတွက်
အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ
အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်၏ ပညာရေးတိုးတက်စေရေး၊ ထူးချွန်သောလူငယ်များ
ပေါ်ထွက်စေရေး၊ ဗလငါးတန်နှင့် ပြည့်စုံပြီး စည်းကမ်းပြည့်ဝသော သားကောင်း၊
သမီးကောင်းများ ပေါ်ထွက်စေရေးအတွက် ကြိုးစားသင်ကြားပေးကြစေလိုကြောင်း
တိုက်တွန်းပြောကြားကာ သင်တန်းသား သင်တန်းသူများအတွက် ချီးမြှင့်ငွေများနှင့်
သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော သင်တန်းသား သင်တန်းသူများအား
ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက်
ဘားအံတက္ကသိုလ်ပါမောက္ခချုပ်က သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသား
သင်တန်းသူများက We Are The World သီချင်းဖြင့်
ဖျော်ဖြေတင်ဆက်ရာ ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
No comments