ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ပုသိမ်တက္ကသိုလ်နှင့် ပုသိမ်ပညာရေးဒီဂရီကောလိပ်တို့မှ ဆရာ ဆရာမများနှင့်တွေ့ဆုံ
နေပြည်တော် မေ ၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည်
ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင်
ပုသိမ်ပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ စာသင်ခန်းများတွင် ပညာရေးနှင့် သင်ပြနည်းပညာ
ဒီပလိုမာ (၂/၂၀၂၆) သင်တန်း သင်ကြားနေမှုများကို ကြည့်ရှုပြီး သင်တန်းသားများကို အားပေးစကားပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ကြီးနှင့် ဆရာ
ဆရာမများကို တွေ့ဆုံ၍ ပုသိမ်ပညာရေး ဒီဂရီကောလိပ်မှ ပုသိမ် ဆရာအတတ်ပညာ တက္ကသိုလ်အဖြစ်
အဆင့်မြှင့်တင် ပြီးနောက်တွင် ထားရှိရမည့်ခံယူ ချက်စိတ်ထားနှင့် ဆောင်ရွက်ရမည့်တာဝန်များကို
ရှင်းလင်းဆွေးနွေးပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်
ပုသိမ်တက္ကသိုလ်သို့ရောက်ရှိပြီး တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေး၊
အပန်းဖြေ ရိပ်သာတည်ဆောက်ပြီးစီးမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ပါမောက္ခချုပ်၊
ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများနှင့်တွေ့ဆုံကာ ပညာရေး မြှင့်တင်မှုအတွက် အကြံပြုချက်များကို
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး ပုသိမ်တက္ကသိုလ် ဇီဝအရင်းအမြစ်နှင့် ဇီဝနည်းပညာဖွံ့ဖြိုးရေးဌာနသို့
သွားရောက်၍ သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးမှာကြားခဲ့သည်။
ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည်
ချောင်းသာကမ်းခြေ၌ကျင်းပသော အဆင့်မြင့် ပညာအဆင့် လူရည်ချွန်စခန်း (ချောင်းသာ) ဖွင့်ပွဲအခမ်းအနားသို့
တက်ရောက်၍ လူရည်ချွန်မောင်မယ်များအား အမှာစကားပြောကြားပြီး လူရည်ချွန်ရင်ထိုးတံဆိပ်များ
တပ်ဆင်ပေးသည်။
သတင်းစဉ်

No comments